26/08/2026
🥮 နွေးထွေးမှု ပျော်ရွှင်မှုတွေကို ကိုယ်စားပြုတဲ့ လမုန့် ပွဲတော် (Mid-Autumn Festival) ရာသီကို ပြန်လည်ရောက်ရှိလို့ လာခဲ့ပြန်ပါပြီ။ 🌕
“လမုန့်ပွဲတော်” လို့ အမည်ရတဲ့ “ဆောင်းဦးရာသီပွဲတော်” ဆိုတာ အရှေ့အာရှနဲ့ အရှေ့တောင်အာရှဒေသမှာ ကျင်းပတဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်။ ကောက်ပဲသီးနှံပေါများစေရန်အတွက် ဆုတောင်းရာကစတင်ခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်ခန့်ကတည်းက ဖြစ်တည်နေတဲ့ ပွဲတော်ဖြစ်ပါတယ်။ ပွဲတော်ရက်ဟာ ကောက်ပဲသီးနှံရိတ်သိမ်းချိန် အောက်တိုဘာ / စက်တင်ဘာလတွင်းကျရောက်လေ့ရှိပြီး အာရှနိုင်ငံတော်တော်များများမှာကျင်းပလေ့ရှိကြပါတယ်။ မြန်မာနိုင်ငံမှာလဲ လမုန့်ကို အချိုပွဲအဖြစ် စားသုံးလာခဲ့တာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်ပြီး ဘိုးတော်ဘုရား (ဗဒုံမင်း) လက်ထက်တော်မှာကတည်းက အမရပူရနန်းတွင်းမှာ ကျင်းပကြတယ်လို့ လေ့လာသိရှိရပါတယ်။
ကျွန်တော်တို့ Café Salween အနေနဲ့ လူအများနှစ်သက်တဲ့ လမုန့်တွေကို 2021 ခုနှစ်ကတည်းက နှစ်စဉ်ဖန်တီးနေခဲ့တာဖြစ်ပြီး, ဒီနှစ်မှာလည်း မိတ်ဆွေအချင်းချင်း ခင်မင်ရင်းနှီးမှု, မိသားစု ဆွေမျိုးတွေ ချစ်ခင်စွာ ပြန်လည်ဆုံဆည်းမှုတို့ကို ကိုယ်စားပြုတဲ့ လမုန့်လေးတွေကို အများနဲ့မတူ တမူထူးခြားစွာ စီစဉ်ထားပါတယ်။ အရှေ့တိုင်းရဲ့ နက်ရှိုင်းတဲ့ ယဉ်ကျေးမှုတွေကို ထင်ဟပ်စေမယ့် လမုန့်လေးတွေကို အမျိုးအစား တစ်မျိုးချင်းစီကို သေချာစွာစဉ်းစားပြီး စီစဉ်ထားတာဖြစ်ပါတယ်။ ၂၀၂၆ အတွက်ပွဲတော်နေ့က တော့ စက်တင်ဘာလ ၂၅ ရက်ဖြစ်ပါတယ်။
လမုန့်တစ်ခုချင်းရဲ့ အမည် နဲ့ နောက်ခံ အယူအဆတွေကိုကအစ အသေးစိတ် စဉ်းစားထားပြီး အကောင်းဆုံးသော ကုန်ကြမ်းများကို အထူးဂရုပြုပြီး ရွေးချယ်ထားတာ ဖြစ်ပါတယ်။ လမုန့်ပွဲတော်ရဲ့ ရိုးရာကို ခေတ်နဲ့အညီ တီထွင်ကြံဆမှုနဲ့ ပေါင်းစီးပြီး Salween က စားဖိုမှူးတွေက မုန့်တစ်ခုချင်းစီကို သေချာစွာ ဖန်တီးစီစဉ်ထားတာလဲ ဖြစ်ပါတယ်။ ဒီနှစ်အတွက် လမုန့်တွေဟာလဲ ယခင်နှစ်တွေကလိုပဲ အခြားမုန့်တွေနဲ့ မတူကွဲပြားအောင်ကြိုးစားထားပါတယ်။
မကြာမီရောက်ရှိလာတော့မယ့် ဆောင်းဦးရာသီရဲ့ လပြည့်ဝန်းအောက်မှာ မိသားစုများ မိတ်ဆွေများနဲ့ အတူတကွ သုံးဆောင်နိုင်ရန်, ချစ်ခင်ရတဲ့သူတွေကို လက်ဆောင်ပေးရန် စတင်မှာ ယူနိုင်ပါပြီ။ ယခုနှစ်မှာတော့ ထုတ်ပိုးမှုပုံစံ ပြောင်းလဲထားလို့ လက်ဆောင်ပေးတဲ့အခါ ပိုမိုမျက်နှာပန်းလှစေမှာ ဖြစ်ပါတယ်။ အရသာအရည်အသွေး ကောင်းမွန်သော လမုန့်များ ဈေးကွက်ထဲမှာရှိပြီးပေမဲ့လည်း မြန်မာအငွေ့အသက်ကို ထည့်သွင်းစဉ်းစားထားပြီး မတူကွဲပြားတဲ့ပုံစံလေးဖြစ်အောင်ကြိုးစားထားပါတယ်။
🥮 Classic Moon Cake - 1 Box with 4 pcs - 70,000 Kyats
🥮 Classic Moon Cake - 1 Box with 6 pcs - 85,000 Kyats
🥮 Wagyu Moon Cake - 1 Box with 4 pcs - 260,000 Kyats
🥮 Dine-in Mooncake - Ks 15,000
🥮 Dine-in Wagyu Mooncake - Ks 65,000
🌙 Buy 10 boxes - Get 1 box Free
ရနိုင်တဲ့ လမုန့် 8 မျိုးကတော့ ဒီမှာပါ -
1. Luminous Moon 皓月争辉
Salted Egg Yolk, Green Tea, Pandan, Mung Bean Paste (Green Colour)
2. Twinkling Stars 星光灿烂 (Vegetarian)
Semolina, Poppy Seeds, Walnuts, Coconut Shreds Jam (Brown Color with Poppy Seeds)
3. Gathering under Moon Light 人月双圆
Whisky, Bacon, Beet Root, Yellow Bean Paste (Black Color)
4. Blooming Flowers 花好月圆 (Vegetarian)
Custard, Blue Pea Flowers, Purple Sweet Potato, Mixed Nuts (Brown Color with flowers)
5. Red Lotus Out of Mud 红莲出淤泥 (Vegetarian)
Custard, Lotus Root Paste, Dates (Red Color)
6. Fragrant Harmony 百果流芳 (Vegetarian)
Burmese Imperial Mixed Nuts, Semolina (Brown Color)
7. Imperial Treasure Moon 满月御珍
Burmese Imperial Caramelized Pork, Lotus Paste (Red Color)
8. Crimson Moonlight 红云映月
Wagyu Beef, Shiitake Mushroom Paste (Red Color)
Mooncake Menu ကို Comment မှာကြည့်လို့ရပါတယ်။
------------------------
📍 # Level 8 - Rooftop Floor of Parkside One Building (Beside MyHotel) - No 271, Bagaya Road, Myaynigone, Sanchaung. (Near Dagon Center)
၈လွှာ အမှတ် ၂၇၁, ဗားဂရာလမ်း, မြေနီကုန်း, စမ်းချောင်း (ဒဂုံစင်တာအနီး တော်လှန်ရေးပန်းခြံအနီး) - Parkside One အဆောက်အဦး / MyHotel နှင့် ကပ်လျက်
⏰ Opening hours: 8 am to 11 pm
📞 For reservations, call us at +95 9 776774058