04/08/2022
အဖေ
*****
ကျွန်တော်
၄ နှစ် သားတုန်းက
ငါ့ဖေဖေကြီး ဘာမဆို လုပ်တတ်တယ်။
၅ နှစ်......
ငါ့ဖေဖေကြီး မသိတာ ဘာမှမရှိဘူး။
၆ နှစ်......
ငါ့အဖေက မင်းအဖေထက် တတ်တယ်ကွ။
၈ နှစ်.....
တို့အဖေက အကုန်လုံးတော့လည်း အတိအကျ မသိဘူး။
၁၀ နှစ်...
အဖေတို့ ငယ်ငယ်တုန်းကနဲ့ အခုနဲ့က တခြားစီပဲ။
၁၂ နှစ်...
အင်း အဲဒါတော့ အဖေလည်း ဘယ်သိပါ့ မလဲ၊
သူက အသက်သိပ်ကြီးပြီဆိုတော့
ကလေးတုန်းက အကြောင်းတွေမမှတ်မိနိုင်တော့ဘူး။
၁၄ နှစ်...
အဖေတော့ ထည့်ပြောမနေနဲ့၊
သူက ရှေး ရိုးသမားကြီး။
၂၁ နှစ်...
အဘိုးကြီးလား...ထားပါ၊ အောက်နေပြီ၊ လုံးဝအောက်နေပြီ။
၂၅ နှစ်....
အဖေလည်း နည်းနည်းပါးပါးတော့ သိတယ်၊
မသိလို့လည်း မဖြစ်ဘူးလေ၊ လူကြီးပဲဟာ။
၃၀ နှစ်......
အဖေကို နည်းနည်းပါးပါး မေးမြန်းကြည့်ရင် ကောင်းမယ်ထင်တယ်၊ ဘာပဲပြောပြော သူက အတွေ့အကြုံ အများကြီးရှိတယ်။
၃၅ နှစ်......
အဖေနဲ့ တိုင်ပင်ပြီးမှပဲ
ဒီကိစ္စအတွက် ငါတစ်ခုခု လုပ်နိုင်မယ်။
၄၀ ......
အဖေသာဆိုရင် ဒီကိစ္စဘယ်လိုဖြေရှင်းမလဲ မသိဘူး၊
အဖေက အတွေ့ အကြုံ စုံတယ်၊ အမြော်အမြင်လည်း ရှိတယ်။
၅၀ .....
ဒီကိစ္စ အခုနေသာ အဖေနဲ့တိုင်ပင်ခွင့်ရမယ်ဆိုရင်
ဘယ်လောက် ပေးရပေးရ ငါပေးပါတယ်။
အဖေ့ အရည်အချင်းတွေ သူရှိနေတုန်းက
ကောင်းကောင်း သတိ မထားခဲ့မိတာ သိပ်နှမြောစရာ ကောင်းတယ်၊ တကယ်ဆို ငါ အဖေ့ဆီက အများကြီး ရလိုက်ဖို့ ကောင်းတယ်။
Crd:
ဖေမြင့်