𝚃𝚑𝚎 𝙽𝚘𝚝𝚎𝚋𝚘𝚘𝚔

  • Home
  • Myanmar
  • Yangon
  • 𝚃𝚑𝚎 𝙽𝚘𝚝𝚎𝚋𝚘𝚘𝚔

𝚃𝚑𝚎 𝙽𝚘𝚝𝚎𝚋𝚘𝚘𝚔 a sharing united

ဆက်ပြီး ပျင်းပေးကြပါ...အရည်အချင်းရှိတဲ့ လူတစ်စု ခိုင်းဖို့စေဖို့ မင်းတို့လို့ ဆင်ခြေအထပ်ထပ်ပေးပြီး လက်ရှိနေရာလေးမှာဘဲ ပျ...
15/03/2023

ဆက်ပြီး ပျင်းပေးကြပါ...

အရည်အချင်းရှိတဲ့ လူတစ်စု ခိုင်းဖို့စေဖို့ မင်းတို့လို့ ဆင်ခြေအထပ်ထပ်ပေးပြီး လက်ရှိနေရာလေးမှာဘဲ ပျော်မွေ့နေမဲ့ လူတစ်စု ‌ကျိန်းသေပေါက် လိုအပ်တာမို့ပါ။

စာမကျက်ပါနဲ့ ၊ နောက်နေ့မှ ကျက်ဖို့တွေးပါ။

ဒီနေ့လုပ်ရမဲ့အလုပ်တွေ နောက်နေ့ရွှေ့ပါ။

ပိုက်ဆံရလာတိုင်း ပျော်ပါးပစ်ပါ။

ကိုယ့်အတွက် အကျိုးမရှိတဲ့ (အကျိုးမရှိတဲ့) အချစ်ရေးမှာ ပျော်မွေ့ပါ။

စော်ကြည်အောင် ဘဲကြည်အောင် ကြိုးစားကြပါ။

ကဲ ဆက်ပြီး ပျင်းကြရင်း နှစ်သိန်းတန်ဘဝလေးမှာ အဆင်ပြေ ပျော်ရွှင်ကြပါစေ။

🤭 || The Notebook

ဤချွတ်ယွင်းချက်သည် များစွာသော စုံတွဲတို့၌ တွေ့တတ်သော ချွတ်ယွင်းချက် ဖြစ်သည်။ အိမ်ထောင်ဖက် ပြုလုပ်ခြင်းသည် ယောက်ျားနှင့်မ...
17/05/2022

ဤချွတ်ယွင်းချက်သည် များစွာသော စုံတွဲတို့၌ တွေ့တတ်သော ချွတ်ယွင်းချက် ဖြစ်သည်။

အိမ်ထောင်ဖက် ပြုလုပ်ခြင်းသည် ယောက်ျားနှင့်မိန်းမ တို့ကို အလွန်ရင်းနှီးသော အဖြစ်သို့ ရောက်စေသည်ဖြစ်ရာ တစ်ဦးနှင့်တစ်ဦး ညီညွှတ်သင့်မြတ်ခဲ့လျှင် ကြီးစွာသော သုခကို ရစေနိုင်၍ မသင့်မြတ် မညီညွှတ်လျှင် ကြီးစွာသော ဒုက္ခကို ဖြစ်စေနိုင်သည်။

ရွေးချယ်ခြင်း မှားယွင်းသဖြင့် မသင့်မြတ်သူ နှစ်ယောက်တို့ စုံဖက်မိသည်အခါ အလွန်ဒုက္ခရောက်သော ဆုံးရှုံးခြင်းမျိုးကို ဖြစ်စေတတ်၏။

ထိုလင်မယားအဖို့၌ ကြီးပွားလိုသော စိတ်ဆန္ဒမျိုးပင် ကွယ်ပျောက်တတ်လေတော့၏။

#ရွှေဥဒေါင်း
#အကြံဉာဏ်ဖြင့်ကြီးပွားရေး

ကြီးပွားလိုသော သူတို့သည် ရွံ့ကြောက်ခြင်းကင်းသော အိမ်မက်နှင့် ဆုံးဖြတ်ချက်များ လိုအပ်သည်။ #ရွှေဥဒေါင်း #အကြံဉာဏ်ဖြင့်ကြီး...
17/05/2022

ကြီးပွားလိုသော သူတို့သည် ရွံ့ကြောက်ခြင်းကင်းသော အိမ်မက်နှင့် ဆုံးဖြတ်ချက်များ လိုအပ်သည်။

#ရွှေဥဒေါင်း
#အကြံဉာဏ်ဖြင့်ကြီးပွားရေး

ကြီးပွားထွန်းကားသော သူတို့သည် လျင်မြန်စွာ ဆုံးဖြတ်နိုင်သော သတ္တိရှိ၍ မိမိတို့၏ အဆုံးအဖြတ်ကို အလွန်ပြောင်းလဲခဲ၏ ။ ဆုံးရှု...
17/05/2022

ကြီးပွားထွန်းကားသော သူတို့သည် လျင်မြန်စွာ ဆုံးဖြတ်နိုင်သော သတ္တိရှိ၍ မိမိတို့၏ အဆုံးအဖြတ်ကို အလွန်ပြောင်းလဲခဲ၏ ။

ဆုံးရှုံးသော သူတို့မူကား ရုတ်တရက် မဆုံးဖြတ်နိုင်ဘဲ ဆုံးဖြတ်ပြီးသည့် နောက်၌လည်း အလွယ်တကူ မကြာခဏ ပြောင်းလဲတတ်၏ ။

မဆုံးဖြတ်နိုင်ခြင်း နှင့် အချိန်ရွှေ့ဆိုင်းခြင်းတို့သည် အမွှာမွေး ညီအစ်ကို ဖြစ်ကြ၏ ။ တစ်ခုရှိလျှင် တစ်ခုရှိတတ်၏ ။

ကြီးပွားထွန်းကားလိုသော သူတို့သည် ထို အမွှာညီနောင် တို့ကို လက်မခံဘဲ မောင်းထုတ်ရမည်။

#ရွှေဥဒေါင်း
#အကြံဉာဏ်ဖြင့်ကြီးပွားရေး

လောင်းကစားသောနည်းမျိုးဖြင့် ငွေရှာခြင်းသည် များစွာသောသူတို့ကို ပျက်စီးခြင်း တိုင်စေ၏ ။ ဖဲရိုက်ခြင်း ၊ မြင်းလောင်းခြင်းတိ...
17/05/2022

လောင်းကစားသောနည်းမျိုးဖြင့် ငွေရှာခြင်းသည် များစွာသောသူတို့ကို ပျက်စီးခြင်း တိုင်စေ၏ ။

ဖဲရိုက်ခြင်း ၊ မြင်းလောင်းခြင်းတို့သာ ​လောင်းကစားခြင်းမဟုတ် ။

ကူးသန်းရောင်းဝယ်မှုတို့တွင်လည်း မျက်စိကိုမှိတ်၍ လုပ်ရသဖြင့် လောင်းကစားခြင်းနှင့် တူသော အလုပ်မျိုး ရှိသေး၏ ။

ဤနည်းမျိုးဖြင့် စီးပွားရှာခြင်းသည်လည်း ပျက်စီးခြင်းသို့တိုင် ရောက်တတ်၏ ။

သို့သော် တွက်ချက်ပြီးနောက် လာဘ်မြင်သဖြင့် သူတစ်ပါး မလုပ်ဝံ့သော အလုပ်မျိုးကို စွန့်စားလုပ်ကိုင်ခြင်း နှင့် လောင်းကစားခြင်းတို့သည် များစွာ ခြားနား၏။

စွန့်စားလုပ်ကိုင်ခြင်း မည်သည် စိတ်ကူးကောင်းလျှင် အခါခပ်သိမ်း နိုင်တတ်၏။လောင်းကစားခြင်းမူကား သူ့တစ်လှည့် ၊ ငါတစ်လှည့်ဖြစ်၍ အခါခပ်သိမ်း မနိုင်နိုင်ချေ။

#ရွှေဥဒေါင်း
#အကြံဉာဏ်ဖြင့်ကြီးပွားရေး

လိင်တည်းဟူသော စိတ်ဓာတ်သည် သတ္တဝါတို့အား လှုပ်ရှားထကြွစေနိုင်သော တန်ခိုးသတ္တရှိပေရာ ၄င်းအင်အားသည် သတ္တဝါတို့၌ အကြီးဆုံးသေ...
17/05/2022

လိင်တည်းဟူသော စိတ်ဓာတ်သည် သတ္တဝါတို့အား လှုပ်ရှားထကြွစေနိုင်သော တန်ခိုးသတ္တရှိပေရာ ၄င်းအင်အားသည် သတ္တဝါတို့၌ အကြီးဆုံးသော အင်အားဖြစ်သည်။

၄င်းအင်အားတို့ မဖြုန်းတီးမပစ်ဘဲ ထိန်းသိမ်းအုပ်ချုပ်ထားပါလျှင် အခြားကြီးကျယ်သော လုပ်ငန်းများအတွက် အသုံးချနိုင်ပေမည်။

#ရွှေဥဒေါင်း
#အကြံဉာဏ်ဖြင့်ကြီးပွားရေး

နှစ်သက်ဖွယ်ရာသော ကိုယ်အမူအရာရှိခြင်းသည် သူတစ်ပါးတို့ကို ဆွဲငင်တတ်သော ဓာတ်သတ္တိရှိပေရာ မဖွယ်ရာသော ကိုယ်အမူအရာရှိခြင်းသည် ...
09/05/2022

နှစ်သက်ဖွယ်ရာသော ကိုယ်အမူအရာရှိခြင်းသည် သူတစ်ပါးတို့ကို ဆွဲငင်တတ်သော ဓာတ်သတ္တိရှိပေရာ မဖွယ်ရာသော ကိုယ်အမူအရာရှိခြင်းသည် သူတစ်ပါးတို့ကို တွန်းဖယ်တတ်သော ဓာတ်သတ္တိ ရှိပေ၏ ။

ဆွဲငင်တတ်သော ဓာတ်သတ္တိရှိသော သူသည် သူတစ်ပါးတို့ အကူအညီ ရရှိသဖြင့် တန်ခိုးအင်အား ကြီးမားပေရာ ထိုအခြင်းအရာသည် ကြီးပွားအောင်မြင်ရေးအတွက် အထောက်အပံ့ကြီး ဖြစ်၏။

#ရွှေဥဒေါင်း
#အကြံဉာဏ်ဖြင့်ကြီးပွားရေး

များစွာသောသူတို့သည် ''တွက်ခြေ'' ကောင်းသော်လည်း ပန်းတိုင်သို့ မရောက်မီ ''ခြေကုန်'' သွားတတ်၏။ အားလျော့ဖွယ်ရာ တစ်စုံတစ်ခုနှ...
09/05/2022

များစွာသောသူတို့သည် ''တွက်ခြေ'' ကောင်းသော်လည်း ပန်းတိုင်သို့ မရောက်မီ ''ခြေကုန်'' သွားတတ်၏။

အားလျော့ဖွယ်ရာ တစ်စုံတစ်ခုနှင့် တွေ့ရသည်နှင့် တစ်ပြိုင်နက် စိတ်ပျက်အားလျော့သွားတတ်၏ ။

ဇွဲညံ့ခဲ့လျှင် မည်သည့်အရာမျှ အစားထိုး၍ မရနိုင်ချေ။

ဇွဲကောင်းသူတို့ အဖို့၌ ထာဝရဆုံးရှုံးခြင်းသည် အဓိပ္ပါယ် မရှိချေ။ ဆုံးရှူံးခဲ့လျှင် ယာယီဆုံးရှုံးခြင်းမျှသာ ဖြစ်ရလေတော့၏။

#ရွှေဥဒေါင်း
#အကြံဉာဏ်ဖြင့်ကြီးပွားရေး

ဤသည်ကား များစွာသော ဆုံးရှူံးသူတို့၏ ချွတ်ယွင်းချက်ကြီးပေတည်း။ ဆောင်ရွက်ရန်အလုပ်ကို ဤအချိန် ၊ ထိုအချိန် စသည်ဖြင့် အချိန်ဆ...
09/05/2022

ဤသည်ကား များစွာသော ဆုံးရှူံးသူတို့၏ ချွတ်ယွင်းချက်ကြီးပေတည်း။

ဆောင်ရွက်ရန်အလုပ်ကို ဤအချိန် ၊ ထိုအချိန် စသည်ဖြင့် အချိန်ဆွဲ၍ မနေဘဲ ချက်ချင်းလက်ငင်း စတင်ဆောင်ရွက်သင့်ပေ၏။

#ရွှေဥဒေါင်း
#အကြံဉာဏ်ဖြင့်ကြီးပွားရေး

တံငါနားနီးတံငါ ၊ မုဆိုးနားနီးမုဆိုး ဟူသော စကားသည် အလွန်မှန်ကန်တတ်ပေရာ ငယ်ရွယ်နုနယ်စဥ် အခါကမူကား သာ၍ပင် မှန်ကန်တတ်ပေသေး၏။...
09/05/2022

တံငါနားနီးတံငါ ၊ မုဆိုးနားနီးမုဆိုး ဟူသော စကားသည် အလွန်မှန်ကန်တတ်ပေရာ ငယ်ရွယ်နုနယ်စဥ် အခါကမူကား သာ၍ပင် မှန်ကန်တတ်ပေသေး၏။

ပြုပြင်ရန်လည်း အလွန့်အလွန် ခဲယဥ်းလှ၏။

#ရွှေဥဒေါင်း
#အကြံဉာဏ်ဖြင့်ကြီးပွားရေး

Address

Yangon

Website

Alerts

Be the first to know and let us send you an email when 𝚃𝚑𝚎 𝙽𝚘𝚝𝚎𝚋𝚘𝚘𝚔 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share