Myanmarpyi Thar

Myanmarpyi Thar Myanmar Cele

ဒီ pumpရဲ့ ဝိုက်စီမဲ ဝါရှာ လိုချင်ရင်။ cb လာခဲ့ပါဗျ09782950400.viber
12/04/2025

ဒီ pumpရဲ့ ဝိုက်စီမဲ ဝါရှာ လိုချင်ရင်။ cb လာခဲ့ပါဗျ
09782950400.viber

တစ်ယောက်တည်းနေဖို့ ရွေးချယ်ပြီးသွားပြီလား ရွေးချယ်လို့ ပြီးသွားပြီဆိုရင် ကိုယ် ရွေးလိုက်တဲ့ အရာကို လက်ခံလိုက်ပါ….အထူးသဖြ...
19/02/2025

တစ်ယောက်တည်းနေဖို့ ရွေးချယ်ပြီးသွားပြီလား

ရွေးချယ်လို့ ပြီးသွားပြီဆိုရင် ကိုယ် ရွေးလိုက်တဲ့ အရာကို

လက်ခံလိုက်ပါ….

အထူးသဖြင့် တခြားသူရဲ့ အပိုလူ၊အရံလူ ၁ ယောက်

အနေနဲ့ ရှင်သန်နေရခြင်းထက်

၁ ယောက်တည်း အထီးကျန်စွာ ဖြတ်သန်းနေရခြင်းအား

ရွေးချယ်လိုက်တာကို လက်ခံလိုက်သလိုမျိုးပေါ့….



ကိုယ့်နေရာမှာ လိုသလို အလွယ်တကူ

ပေါပေါပဲပဲ အစားထိုးလို့ ရနေတယ်ဆိုရင် သူတို့အတွက်

ကိုယ့်ရဲ့ ဖြစ်တည်နေမှုဟာ တန်ဖိုးတစက်မှ ရှိနေတော့မှာ

မဟုတ်ပါဘူး….



အမှန်တော့ ကိုယ်က တကယ်အလိုအပ်ဆုံးလို့

မှတ်ယူထားခဲ့တဲ့

တစုံတယောက် ကပဲ ကိုယ့်အနားမှာ ဘယ်သူမှ ရှိနေဖို့

မလိုအပ်ဘူးဆိုတာကို သင်ပေးသွားခဲ့ကြတာပါ…..



ဒါကြောင့် အရံလူ (၁)ယောက် ထက် ကျန်လူ (၁)ယောက် အနေနဲ့ ပဲ ရှင်သန်ဖို့ ရွေးချယ်ခြင်းကို

လက်ခံလိုက်ရတာပါ…

❝Customer Type (3)မျိုးရှိပါတယ် ❞☑️ ပထမဆုံးတစ်မျိုးက ဈေးကိုအာရုံစိုက်တဲ့ Budget Focus Customer ပါ ဘယ်လောက်ကြိုက်ကြိုက် ဈ...
09/02/2025

❝Customer Type (3)မျိုးရှိပါတယ် ❞

☑️ ပထမဆုံးတစ်မျိုးက ဈေးကိုအာရုံစိုက်တဲ့
Budget Focus Customer ပါ

ဘယ်လောက်ကြိုက်ကြိုက် ဈေးများနေရင် မဝယ်ပါဘူး။

ဒီလို Customer တွေကို Target ထားချင်ရင်တော့ ဈေးတန်တန်နဲ့ များများပေးနေတယ်ဆိုတဲ့
Strategy မျိုးတွေ သုံးပေးပါ..။

☑️ နံပါတ် (2)အမျိုးအစားက Result Focus
Customer ပါ

ဈေးကြီးတာတွေ၊ဈေးနည်းတာတွေစိတ်မဝင်စားပါဘူး

သူတို့လိုချင်တဲ့ Feeling နဲ့ Result တွေကို ဒီ Brand ကပေးနိုင်တယ်ထင်ရင် ဝယ်ပါတယ်။

Result Focus Customer တွေကို Target ထားချင်ရင်တော့ Customer Service နဲ့ ကိုယ့် Product က
ရလာမဲ့ Benefit တွေကို အသားပေးရောင်းပါ။

☑️ နောက်ဆုံးအမျိုးအစားက Trust Focus Customer
လို့ ခေါ်ပါတယ်။

သူတို့ရဲ့ မိတ်ဆွေသူငယ်ချင်း၊ ယုံကြည်ရတယ်လို့ ထင်တဲ့သူက ညွှန်းလိုက်လို့ ရောက်လာတဲ့ Customer တွေ ဖြစ်ပါတယ်။

Trust Focus Customer တွေကို တိုက်ရိုက်ချဉ်းကပ်လို့
မရပါဘူး။တစ်ချို့လုပ်ငန်းတွေကတော့ Trust Focus Customer ကိုရဖို့ Influencer တွေကို သုံးကြပါတယ်။

ဒါက အကောင်းဆုံးနည်းလမ်းလို့တော့
ကျွန်တော်မမြင်ပါဘူး။

Trust Focus Customer တွေကိုရဖို့ အသေချာဆုံး
နည်းလမ်းက အခုလက်ရှိမှာ Brand ကို အားပေးနေတဲ့ Customer တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုသေသေချာချာဂရုစိုက်ပေးတာက ရေရှည်အတွက် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

Credit by
Next Step Digital Solutions

09/02/2025

ဒီနေ့ည မြန်မာစံတော်ချိန် ည ၈ နာရီမှာ
Live Session ရှိပါမယ် ...

လမ်းဘေးကဖေးလေးမှာ ပြန်ဆုံကြရအောင်
ဒီညတွေ့မယ်နော် ...



Tonight 8:00 PM
@ our Live Café ... 🤘🏼

“၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို တက်ရောက်လာမယ့် နေတိုးနှင့်ဇနီးရဲ့ အကယ်ဒမီ ပွဲတက်ဖက်ရှင်”ဖက်ရှင်”
09/02/2025

“၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို တက်ရောက်လာမယ့် နေတိုးနှင့်ဇနီးရဲ့ အကယ်ဒမီ ပွဲတက်ဖက်ရှင်”
ဖက်ရှင်”

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးအလုပ်လျှောက်လွှာခေါ်ယူခြင်း​ချမ်းမြေ့ဂုဏ်ဝေစာပေ
06/02/2025

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး
အလုပ်လျှောက်လွှာခေါ်ယူခြင်း



ချမ်းမြေ့ဂုဏ်ဝေစာပေ

ညစာကို ထမင်းမစားကြပါနဲ့ ဒါမျိုးတွေစားပေးပါ
31/01/2025

ညစာကို ထမင်းမစားကြပါနဲ့ ဒါမျိုးတွေစားပေးပါ

လူငယ်အရွယ်ဆိုတာ 'ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲခွင့်ရတဲ့အရွယ်'ကို ဆိုလိုတာဖြစ်ပါတယ်။ လူငယ်ဘဝမှာ ကျွန်မတို့ရဲ့ တစ်နေ့တာတိုင...
01/11/2023

လူငယ်အရွယ်ဆိုတာ 'ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲခွင့်ရတဲ့အရွယ်'ကို ဆိုလိုတာဖြစ်ပါတယ်။ လူငယ်ဘဝမှာ ကျွန်မတို့ရဲ့ တစ်နေ့တာတိုင်းကို ဘယ်လိုအကောင်းဆုံး စီမံခန့်ခွဲကြသလဲဆိုတာဟာ နောင်တစ်ချိန် ကျွန်မတို့ လူ့အဖွဲ့အစည်းရဲ့ ဘယ်လိုနေရာမှာ ရှိနေကြမလဲဆိုတာရဲ့ အစလည်း ဖြစ်ပါတယ်။ ဒီတော့ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကိုmanageလုပ်ဖို့အတွက် လိုအပ်တဲ့ To-Do Listအကြောင်းကို ပြောပြပေးပါမယ်နော်..

🍀To-Do List ဆိုတာ ဘာလဲ?

To-Do Listဆိုတာဟာ အဓိကအားဖြင့်တော့ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ လုပ်စရာရှိတာတွေကို မမေ့အောင် သတိပေးဖို့၊ ဒါမှမဟုတ် နောက်တစ်နေ့မှာ ဘာလုပ်မယ် ဆိုတာတွေကို ကြိုတင်planဆွဲဖို့ ရေးသားတတ်ကြတဲ့ Listလေးပဲ ဖြစ်ပါတယ်။

🍀ဘယ်လိုလူတွေအတွက် To-Do Listလိုအပ်သလဲ?

အမှန်တော့ To-Do List လုပ်တတ်တဲ့အကျင့်ဟာ လူတိုင်းအတွက် အကျိုးရှိပါတယ်။ ဒါပေမယ့် အခုပြောပြမယ့် လူမျိုးတွေကတော့ To-Do Listကို မဖြစ်မနေ လုပ်သင့်တဲ့ လူမျိုးတွေဖြစ်ပါတယ်နော်..

1. မေ့တတ်သူများ

2. Part-Time, Full-Time, Volunteering, Online Job စသဖြင့် လုပ်စရာ အမျိုးအစားတွေ များလွန်းသူများ

3. နောက်တစ်နေ့မှာ ဘာလုပ်မယ်ဆိုတဲ့ scheduleမရှိရင် လုပ်ချင်တာအကုန် လုပ်ချမိတတ်သူများ

4. Diet plan, workout plan၊ skincare planတွေ ချမှတ်ပြီး self-management လုပ်ချင်သူများ

အခုပြောပြထားတဲ့ လူမျိုးတွေထဲမှာ ပါတယ်ဆိုရင်တော့ To-Do Listလေး လုပ်ကြည့်ဖို့ အကြံပေးပါရစေနော်..

🍀To-Do Listလုပ်ရင် ဘာအကျိုးကျေးဇူးတွေ ရှိမလဲ?

🔹 To-Do Listလေးတွေဟာ ကျွန်မတို့ရဲ့ နေ့စဉ်ဘဝမှာ လုပ်စရာရှိတာတွေကို မေ့မသွားအောင်၊ ကျော်မသွားအောင် အကောင်းဆုံး သူငယ်ချင်းလေးတစ်ယောက်လို ဘေးကနေ သတိပေးနေမှာ ဖြစ်ပါတယ်။

🔹 To-Do Listလေး ရေးဖြစ်တဲ့အခါ ကျွန်မတို့ဟာ မနက်ဖြန်တွေမှာ ဘာလုပ်မယ် ဆိုတာမျိုးကို ကြိုတင်planချသလို ဖြစ်တဲ့အတွက် ပိုပြီး productive ဖြစ်တဲ့ lifestyleကိုလည်း ရရှိစေမှာပါနော်။

🔹 ကျွန်မတို့ဟာ Listလေးအတိုင်း တစ်နေ့တာကို ဖြတ်သန်းဖို့ ကြိုးစားတဲ့အခါ Listထဲမှာ ထည့်မရေးတတ်ကြတဲ့ အပျော်အပါးတွေ၊ အသုံးအဖြုန်းတွေလည်း အတိုင်းအတာတစ်ခုအထိ လျော့ကျသွားမှာ ဖြစ်တဲ့အတွက် Time-consumingဖြစ်တာတွေ လျော့သွားရုံသာမက ငွေကုန်လည်း သက်သာစေမှာ ဖြစ်ပါတယ်။

⚠️ဒီတော့ အရေးအကြီးဆုံးအနေနဲ့...

🍀Effectiveဖြစ်တဲ့ To-Do Listတစ်ခုကို ဘယ်လိုဖန်တီးကြမလဲ??

Listရေးပြီး ပြန်လည်းမကြည့်ဖြစ်၊ လိုက်လည်းမလုပ်ဖြစ်ဘူးဆိုရင်တော့ အလကားဖြစ်မှာ အသေအချာပါပဲနော်.. ဒီတော့ Effectiveဖြစ်တဲ့ Perfect To-Do Listတစ်ခုကို ဘယ်လိုဖန်တီးရမလဲဆိုတာကို တစ်ချက်ချင်း ပြောပြပေးသွားပါ့မယ်...

1. Realisticဖြစ်အောင်တွေးပါ💁‍♀️

Listစရေးကတည်းက 'ငါတော့ မနက်ဖြန် မိုးလင်းတဲ့အထိ စာလုပ်မယ်'ဆိုရင်တော့ လိုက်မလုပ်ဖြစ်မှာ အသေအချာပါပဲနော်.. 😹 ဒီတော့ တကယ်လိုက်လုပ်နိုင်လောက်မယ့် အတိုင်းအတာအထိပဲ ရေးတာက ပိုအဆင်ပြေပါတယ်။

2. Categoryခွဲပါ🗂️

လုပ်စရာအလုပ်တွေထဲမှာမှ Urgent ဖြစ်တာ၊ Important ဖြစ်တာ၊ self-care အတွက်၊ work အတွက်၊ study goals အတွက် စသဖြင့် အကန့်လေးတွေခွဲပြီး List ဆွဲတာက ပိုသင့်တော်ပါတယ်။ မေ့ကျန်ခဲ့မှာလည်း မပူရသလို၊ အဓိကနဲ့ သာမည ခွဲပြီးသားလည်း ဖြစ်တာမို့ ပိုပြီး systematic ဖြစ်တဲ့ Lifestyleတစ်ခုကို ရမှာပါနော်

3. အလှဆင်ပါ📝

ကိုယ့်ရဲ့ To-Do Listမှာ ကိုယ်အကြိုက်ဆုံး အရောင်လေးတွေ၊ stickersလေးတွေနဲ့ အလှဆင်ထားတဲ့အခါ မကြာခဏပြန်ကြည့်မိအောင် ကိုယ့်ကိုကိုယ် ဆွဲဆောင်ပြီးသား ဖြစ်နေမှာပါ။ နောက်ပြီး checklistလေးတွေ၊ trackerလေးတွေထည့်ရေးမယ်ဆိုရင် ပိုပြီးစနစ်ကျတဲ့ To-Do Listလေးတစ်ခုကိုလည်း ဖန်တီးနိုင်မှာပါနော်။

4. ပြန်လည်သုံးသပ်ပါ ⁉️

နေ့တစ်နေ့ပြီးသွားတိုင်း Listလေးအတိုင်း တကယ်ပဲ လုပ်ဖြစ်ခဲ့သလား၊ ဘာတွေ လုပ်ဖို့ကျန်ခဲ့သလဲ ဆိုတာကို ကိုယ့်ကိုကိုယ် ပြန်မေးပါ။ ဒါဟာ နောက်တစ်နေ့ To-Do Listလေးကို ဘယ်လိုပိုကောင်းအောင်၊ ပိုပြီး ကိုယ်နဲ့ fit ဖြစ်အောင် ဖန်တီးမလဲဆိုတာကို အကောင်းဆုံး တွေးနိုင်စေမယ့် နည်းလေးဖြစ်ပါတယ်။

🍀To-Do List ဘယ်လိုလုပ်ရမလဲ?

To-Do Listလုပ်ဖို့ အကောင်းဆုံးနည်းကတော့ Traditional နည်းအတိုင်း စာရွက်လေးပေါ်မှာ ဘောပင်ရောင်စုံလေးတွေနဲ့ စိတ်တိုင်းကျ ဖန်တီးရေးဆွဲတာပဲ ဖြစ်ပါတယ်။ Artistic ဖြစ်သူတွေကတော့ Journaling kits လေးတွေ ဝယ်ပြီး အလှဆင်ဖန်တီးမယ်ဆိုရင် ပိုပြီး motivation ရမှာ အသေအချာပါပဲ..

စာအုပ်ကို မသုံးချင်ဘူး ဆိုရင်လည်း phone၊ laptop၊ ipad စတဲ့ device တွေမှာလည်း application တွေကနေ စိတ်ကြိုက်ဖန်တီးလို့ရပါတယ်..

ဒါဆို To-Do List လုပ်ဖို့ အကောင်းဆုံး application တွေကို စုစည်းဖော်ပြပေးသွားပါ့မယ်နော်...

1. စနစ်ကျကျ လူကြီးဆန်ဆန်လေး To-Do Listလုပ်ချင်သူတွေအတွက် Google Calendar

2. အနုပညာအမြင်ရှိရင်ရှိသလောက် ဒီဇိုင်းမျိုးစုံနဲ့ Listဖန်တီးလို့ရမယ့် Canva

3. Pen ပါတဲ့ phones တွေ၊ ipad တွေအတွက် To-Do List ရေးဖို့ အရမ်းအဆင်ပြေတဲ့ Good Note

4. Ipadsသမားတွေအတွက် fancy and systematicဖြစ်တဲ့ Kilonotes

စတဲ့ application တွေ Down ယူပြီး အကောင်းဆုံး To-Do List တွေ ဖန်တီးကြည့်လို့ ရပါတယ်နော်။

ကဲ ဒါဆို.. Perfect ဖြစ်တဲ့ To-Do List လေးတွေဖန်တီးပြီး ပိုစနစ်ကျ၊ ပို productive ဖြစ်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်🤗❤️

Address

73rd St, Chanmyathazi
Mandalay
05041

Telephone

+959782950400

Website

Alerts

Be the first to know and let us send you an email when Myanmarpyi Thar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Club

Send a message to Myanmarpyi Thar:

Share

သုံးစွဲသူများ၏ကိုယ်ရေးအချက်လက်လုံခြုံရေးသည်ပထမ

Thanks for all of our Customer + Consumers.

We always keep their Personal Data .It is our Main Privacy 🔏

and providing Reliable safety transfer for the customer service.

Also Invite You to Visit Inside of Our Page.