It's Short

It's Short Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from It's Short, Adult Entertainment Service, Aungban.

phto crd
07/05/2026

phto crd

25/04/2026

မင်္ဂလာပါဗျို့။

20/03/2026





20/03/2026





09/05/2022

စာဖတ်ခြင်းရဲ့အကျိုးကျေးဇူးများ?
•••••••••••••••••••••••••••••••••••••••

စာဖတ်ခြင်းက
သင့်ကို ဘယ်လိုထူးခြားတဲ့
စွမ်းအင်တွေ ပေးနိုင်တယ်လို့ ထင်ပါသလဲ

စာဖတ်ခြင်းက ဗဟုသုတတိုးပွားဖို့
အတွက်ပဲလို့ ထင်နေကြပါတယ်။

တစ်ကယ်တော့ စာဖတ်ခြင်းကနေ
ဗဟုသုတ တိုးပွားရုံသာမက
သင်မသိသေးတဲ့ အခြားကောင်းမွန်တဲ့
ရလာဒ်တွေ အများကြီး ရှိပါသေးတယ်။
ဒါ့ကြောင့် အားလပ်ချိန်တွေမှာ
စာအုပ်လေးတွေ ဖတ်ပေးပါ။

၁။ ဦးနှောက်ကို ပိုမိုလှုံ့ဆော်ပေးနိုင်တယ်

စာဖတ်ခြင်းဟာ သင့်ရဲ့ဦးနှောက်ကို အလုပ်လုပ်စေပါတယ်
ဦးနှောက်ဟာ ခန္ဓာကိုယ်ရဲ့
တခြားကြွက်သားတွေလိုပဲ
သင် လေ့ကျင့်ခန်းလုပ်လေ
ကြီးထွားလာလေဖြစ်ပါတယ်။

၂။ စာဖတ်ခြင်းက အာရုံစူးစိုက်မှု
အားကောင်းစေပါတယ်

ဘဝမြာ တခုခုကို
အောင်မြင်ချင်တယ်ဆိုရင်
အာရုံစူးစိုက်မှု ရှိနေဖို့ကအရမ်းအရေးကြီးပါတယ်။
သင်ဟာ စာအုပ်တစ်အုပ်ကို
ဖတ်နေတဲ့အခါ စာရွက်ပေါ်က
စာလုံးတိုင်းအပေါ်ကို
အာရုံစူးစိုက်ထားပြီး
ဇာတ်လမ်းထဲမှာ မျောပါနေပါတယ်။
စာဖတ်ခြင်းဟာ သင့်ရဲ့
အာရုံစူးစိုက်မှု အကျင့်ကို
အလွယ်တကူပြုစုပျိုးထောင်ပေးနိုင်ပါတယ်။

၃။ ဗဟုသုတများစွာ ကြွယ်ဝစေတယ်

စာအုပ်ဖတ်ခြင်းဟာ
ဗဟုသုတကြွယ်ဝစေပြီး
အတွေးအခေါ် မြင့်တက်လာစေနိုင်ပါတယ်။
စာအုပ်လေး ဘယ်လောက်ပါးပါစေ
သင် တစ်ချိန်ချိန်မှာ ပြန်လည်
အသုံးပြုရမယ့်အသိပညာတွေပါဝင်ပြီး
သင် စာများများဖတ်နိုင်လေ
သင့်အတွက်ပိုအကျိုးများလေဖြစ်ပါတယ်။

၄။ စိတ်ဖိစီးမှု လျော့ကျစေတယ်

စာအုပ်ကောင်းကောင်း
ဝတ္ထု ကောင်းကောင်းတစ်အုပ်ဟာ
သင့်ကို တခြားကမ္ဘာတစ်ခုဆီ
ဆွဲခေါ်သွားနိုင်ပြီး သင့်လက်ရှိဘဝရဲ့
စိတ်ဖိစီးမှုတွေကို ကုသဖို့အတွက်
အကောင်းဆုံးနည်းလမ်း
တစ်ခုဖြစ်ပါတယ်။

၅။ စာဖတ်ခြင်းကနှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်စေနိုင်ပါတယ်

စာအုပ်တစ်အုပ် ကိုင်လိုက်တာနဲ့
အိပ်ပျော်သွားတဲ့သူတွေ
များစွာရှိတတ်ပါတယ်။
စာဖတ်တဲ့ အလေ့အကျင့်
မရှိသေးကြလို့ဖြစ်ပါတယ်။
ဒါပေမယ့်သက်ဟာအိပ်ယာမဝင်ခင်
စာအုပ်ကို နည်းနည်းပဲဖြစ်ဖြစ်
ဖတ်တတ်တဲ့အကျင့် ရှိမယ်ဆိုရင်
သင်အိပ်စက်ချိန်မှာပိုပြီးနှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်နိုင်မှာဖြစ်ပါတယ်။

၆။ လူတွေကို ပိုပြီးနားလည်ပေးနိုင်လာမယ်

တစ်ခြားလူတွေရဲ့အတွေ့အကြုံတွေ
အခက်အခဲတွေကို ဖတ်ရှုခြင်းဟာ
ဘဝမှာ တစ်ခြားလူတွေရဲ့
အခက်အခဲတွေကို ပိုမိုသိလာပြီး
လူတွေကို ပိုမိုနားလည်တတ်လာပါတယ်။
လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး
ဝေဖန်ဖို့က လွယ်ပါတယ်။
သို့ပေမယ့် သင်ဟာ စာ
အုပ်တွေထဲကနေ လူအများရဲ့
အတွေ့အကြုံ မျိုးစုံကို
သတိထားမယ်ဆိုရင်
လူအမျိုးမျိုးကို ပိုပြီး
နားလည်ပေးတတ်နိုင်လာပါတယ်။

စာဖတ်ပါ ....အနာဂါတ်ကို ယုံကြည်ပါ
09/05/2022

စာဖတ်ပါ ....
အနာဂါတ်ကို ယုံကြည်ပါ

Address

Aungban
06023

Telephone

+959959002500

Website

Alerts

Be the first to know and let us send you an email when It's Short posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Club

Send a message to It's Short:

Share