Vantage Learning Hub

Vantage Learning Hub EFL instructor

16/07/2026

Go to the shop နဲ့ Go shopping ဘယ်ဟာက မှန်လဲ?

10/07/2026

English လိုနဲ့ မရိုင်းအောင် ဘယ်လို စကားကြားဖြတ်ပြောကြမလဲ

07/07/2026

Part-2 အငြင်းဝါကျတွေကို ဘယ်လို ပြန်ပြောသင့်လဲ???

04/07/2026

Part-1 Either & Neither

လူတွေ အမှတ်မှား ရှုပ်တတ်ကြတဲ့ ဒီစာလုံး ၂ လုံးကို လေ့လာကြည့်ရအောင်

22/06/2026

အင်္ဂလိပ်စာကို နားလည်ပေးမယ့် မပြောတတ်ဘူးဖြစ်နေလား?

Edit: အချိန် အပြောင်းလဲလေးဖြစ်ပါတယ်ဗျ  အင်္ဂါည ၈ နာရီကနေ ၉ ခွဲအထိ ဖြစ်ပါတယ် ( မြန်မာအချိန် ) မင်္ဂလာပါ ခင်ဗျာ။မကြာခင်မှာ...
21/06/2026

Edit: အချိန် အပြောင်းလဲလေးဖြစ်ပါတယ်ဗျ
အင်္ဂါည ၈ နာရီကနေ ၉ ခွဲအထိ ဖြစ်ပါတယ် ( မြန်မာအချိန် )

မင်္ဂလာပါ ခင်ဗျာ။

မကြာခင်မှာ ကျွန်တော်တို့ Vantage Learning Hub ကနေပြီးတော့ Speaking အခြေခံအတန်း (Basic English Speaking Class) အသစ်တစ်ခုကို ဖွင့်လှစ်သွားဖို့ ရှိပါတယ်။

အတန်းအကြောင်း အသေးစိတ် မပြောခင်မှာ သင်ကြားမယ့် ဆရာအကြောင်း အနည်းငယ် မိတ်ဆက်ပေးပါရစေ။ ဆရာကတော့ ထိုင်းနိုင်ငံမှာ အင်္ဂလိပ်စာကို နိုင်ငံခြားဘာသာစကားအဖြစ် သင်ကြားပေးတဲ့ EFL (English as a Foreign Language) ကျောင်းဆရာအဖြစ် လုပ်သက် (၄) နှစ်ရှိပြီ ဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှက ကျောင်းသားအများစုဟာ အင်္ဂလိပ်စာကို မိခင်ဘာသာစကား မဟုတ်ဘဲ Foreign Language အဖြစ် လေ့လာကြတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ဆီက ကျောင်းသားတွေ အင်္ဂလိပ်စကားပြောတဲ့အခါ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရတတ်လဲ၊ ဘယ်လိုပုံစံမျိုးနဲ့ ထိထိရောက်ရောက် လေ့ကျင့်ရင် ပိုပြီးတော့ အဆင်ပြေ တိုးတက်လာမလဲဆိုတာကို ဆရာ ကိုယ်တိုင် ကောင်းကောင်း နားလည်သဘောပေါက်ထားပါတယ်။

အဲ့ဒါကြောင့်မို့လို့ ကျောင်းသားတွေအတွက် အထိရောက်ဆုံးဖြစ်မယ့် Lesson Plan တွေဆရာကိုယ်တိုင် ရေးဆွဲပြီး ဒီသင်တန်းကို အကောင်းဆုံး သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

သင်တန်းကာလကတော့ စုစုပေါင်း (၃) လ ကြာမြင့်မှာ ဖြစ်ပါတယ်။ တစ်ပတ်မှာ (၂) ရက်၊ တစ်ရက်ကို (၁) နာရီခွဲတိတိ သင်ကြားပေးသွားမှာပါ။ သင်တန်းကိုတော့ online ကနေ သင်ကြားသွားမှာဖြစ်ပြီး၊ တကယ်လို့ အတန်းပျက်ကွက်ခဲ့ရင် ဒါမှမဟုတ် ပြန်နွေးချင်ရင်လည်း အချိန်မရွေး ပြန်လည်လေ့လာနိုင်အောင် Class Recording တွေကို သေချာ ပို့ပေးသွားမှာ ဖြစ်ပါတယ်။

Level Test (Speaking Test) စစ်ဆေးပေးသွားမှာဖြစ်ပြီး၊ အောင်မြင်တဲ့ ကျောင်းသား/သူတွေကို Vantage Learning Hub ကနေ တရားဝင် Certificate (သင်တန်းဆင်းအောင်လက်မှတ်) စနစ်တကျ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

သင်တန်းကြေးအနေနဲ့ကတော့ မြန်မာငွေ ၇၀,၀၀၀ ကျပ် သတ်မှတ်ထားပြီး၊ ထိုင်းဘတ်ငွေနဲ့ ပေးသွင်းချင်တယ်ဆိုရင်တော့ ၅ဝဝ ဘတ် ပဲ ကျသင့်မှာ ဖြစ်ပါတယ်။

ထိရောက်တဲ့ သင်ကြားမှုရရှိစေဖို့အတွက် လူဦးရေကို အကန့်အသတ်နဲ့ပဲ လက်ခံသွားမှာ ဖြစ်တာမို့လို့ လူမပြည့်ခင် အမြန်ဆုံး လာရောက်အပ်နှံကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။

စိတ်ဝင်စားလို့ အသေးစိတ် သိရှိချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ Vantage Learning Hub page ကနေ ဆက်သွယ် စုံစမ်းမေးမြန်း အပ်နှံနိုင်ပါပြီ ခင်ဗျာ။

အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။



#အင်္ဂလိပ်စာ

19/06/2026

Part-2
Miss Universe Myanmar 2026 ရဲ့ မေးခွန်း အဖြေထဲကနေ English စာလေ့လာကြည့်ရအောင်

18/06/2026

Part-1
Miss Universe Myanmar 2026 ရဲ့ မေးခွန်း အဖြေထဲကနေ English စာလေ့လာကြည့်ရအောင်

🚨 FINAL CALL: Thai Basic Online Class! 🇹🇭✨ (ထိုင်းစာ အခြေခံ ဗျည်း၊ သရ နှင့် အသံထွက် သင်တန်း)ထိုင်းစာကို စနစ်တကျ စတင်လေ့လ...
14/06/2026

🚨 FINAL CALL: Thai Basic Online Class! 🇹🇭✨ (ထိုင်းစာ အခြေခံ ဗျည်း၊ သရ နှင့် အသံထွက် သင်တန်း)

ထိုင်းစာကို စနစ်တကျ စတင်လေ့လာချင်ပေမယ့်... ထိုင်းဗျည်းတွေ၊ သရတွေနဲ့ အသံတိုအသံရှည် (Tones) တွေက ခက်ခဲလွန်းလို့ စိုးရိမ်နေပါသလား?

လူအများစုက ထိုင်းစာကို စတင်လေ့လာတဲ့အခါ ဒါမှမဟုတ် အလွတ်ကျက်တဲ့အခါ... ဗျည်းတွေကို မှန်အောင်မဖတ်တတ်တာ၊ အသံဝဲပြီး ထိုင်းလူမျိုးတွေ နားမလည်တဲ့ အသံထွက်မျိုး ဖြစ်သွားတာတွေ ကြုံရတတ်ပါတယ်။ အခြေခံ ဗျည်းနဲ့ အသံအနိမ့်အမြင့် (Tones) စနစ်ကို အစကတည်းက အသံထွက်အမှန်အတိုင်း လေ့လာဖို့က အရေးကြီးဆုံးပါပဲ။

💡 ဒီအတန်းမှာ ဘာတွေလေ့လာရမှာလဲ? အခြေခံ အသံထွက်တွေကို အမှန်ကန်ဆုံးဖြစ်အောင် ဗျည်း၊ သရ ပေါင်းစပ်ပုံကစပြီး အသံအနိမ့်အမြင့် (Tones) စနစ် ကို အခြေခံကနေ အပိုင်နိုင်ဆုံးအထိ တစ်ဆင့်ချင်း စနစ်တကျ လမ်းညွှန်ပေးသွားမှာ ဖြစ်ပါတယ်။

❌ စာအုပ်ကြီးအတိုင်း အလွတ်ကျက်စရာမလိုဘဲ အသံထွက်အမှန်အတိုင်း အခြေခံခိုင်မာသွားစေမယ့် သင်တန်းဖြစ်ပါတယ်။

⏳ Seats are limited! (လူဦးရေ ကန့်သတ်ထားပါတယ်) အတန်းမစတင်မီ အထူးပရိုမိုးရှင်းစျေးနှုန်းနဲ့ စာရင်းသွင်းနိုင်ဖို့ နောက်ဆုံးရက် ဖြစ်လို့ အချိန်ကုန်ခံပြီး လမ်းမချော်ချင်ဘူးဆိုရင် ဒါဟာ အကောင်းဆုံး အခွင့်အရေးပါပဲ။ အခုပဲ Comment မှာ ချရေးခဲ့ပါဦးဗျာ။
👇👇👇 [ Comment 'THAI' to Join! ]
#ထိုင်းစာလေ့လာကြမယ် #ထိုင်းအခြေခံအတန်း

ที่อยู่

Chiang Mai
50000

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Vantage Learning Hubผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Vantage Learning Hub:

ทางลัด

แชร์